ပင်လယ်ကမ်းခြေအနီးက convenience store လေးတစ်ဆိုင် — ဒီဆိုင်လေးကို ဝင်ထွက်နေကြတဲ့ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေရဲ့ ဇာတ်လမ်းတွေက တစ်ပုဒ်ချင်း ဆက်စပ်ပြီး ဝတ္ထုတစ်အုပ် ဖြစ်လာပါတယ်။ ဘဝရဲ့ လမ်းဆုံတစ်ခုခုမှာ ရပ်နေသူတွေဟာ ဒီဆိုင်လေးမှာ မမျှော်လင့်တဲ့ နွေးထွေးမှုတွေ တွေ့သွားကြပါတယ်။

Sonoko Machida ရဲ့ ဒီစာအုပ်ဟာ ဂျပန် healing fiction လှိုင်းရဲ့ နောက်ဆုံးပေါ် ကိုယ်စားလှယ်ပါ။ Kamogawa Food Detectives တို့ Days at the Morisaki Bookshop တို့ကို ကြိုက်ခဲ့တဲ့ မြန်မာစာဖတ်သူတွေ များလာတာနဲ့အမျှ ဒီစာအုပ်လည်း ဆိုင်မှာ လအနည်းငယ်အတွင်း ပုံမှန် ရောင်းရနေတဲ့ အုပ်ဖြစ်လာပါပြီ။
Healing fiction ရဲ့ စည်းမျဉ်းအတိုင်း ဇာတ်လမ်းမှာ လူဆိုးမရှိ၊ အကြီးအကျယ် ဇာတ်ကွက်မရှိပါဘူး။ ရှိတာက နေ့စဉ်ဘဝထဲက သေးငယ်တဲ့ ကြင်နာမှုတွေ၊ ပြောမထွက်ခဲ့တဲ့ ကျေးဇူးစကားတွေပါ။

အခန်းတစ်ခန်းချင်း သီးခြားဖတ်လို့ရတဲ့ ဖွဲ့စည်းပုံမို့ အချိန်နည်းနည်းရတိုင်း တစ်ပုဒ်ချင်း ဖတ်သွားလို့ရပါတယ် — ညအိပ်ရာဝင်ခင် တစ်ပုဒ်ဆိုတဲ့ ပုံစံနဲ့ အကိုက်ဆုံးပါ။
စိတ်ပင်ပန်းနေချိန်မှာ ဖတ်စရာ ရှာနေတယ်ဆိုရင် ဒီစာအုပ်က ဆေးတစ်ခွက်လိုပါပဲ။ ကော်ဖီတစ်ခွက်နဲ့ တွဲဖတ်ဖို့ အကြံပြုပါတယ်။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀