The Midnight Library — Matt Haig

Nora Seed ဟာ ဘဝမှာ နောင်တတွေချည်း ပြည့်နေသူပါ — စွန့်လွှတ်ခဲ့တဲ့ တေးဂီတဘဝ၊ ငြင်းခဲ့တဲ့ စေ့စပ်ကြောင်းလမ်းမှု၊ မသွားဖြစ်ခဲ့တဲ့ နိုင်ငံခြားခရီး။ အဆိုးဆုံးညတစ်ညမှာ သူမဟာ ဘဝနဲ့ သေခြင်းကြားက စာကြည့်တိုက်တစ်ခုထဲ ရောက်သွားပါတယ်။ စင်ပေါ်က စာအုပ်တစ်အုပ်ချင်းစီဟာ သူမ မရွေးခဲ့တဲ့ လမ်းတွေဆီက ဘဝတွေပါ — ဖွင့်လိုက်တိုင်း အဲဒီဘဝထဲ ဝင်ကြည့်လို့ရပါတယ်။

The Midnight Library: A Novel
The Midnight Library: A Novel — Matt Haig

Matt Haig ရဲ့ ဒီဝတ္ထုဟာ ထွက်ကတည်းက ကမ္ဘာအနှံ့ bestseller ဖြစ်ခဲ့ပြီး BookTok မှာလည်း နှစ်တိုင်း ပြန်ပေါ်နေတဲ့ စာအုပ်ပါ။ ‘ငါသာ အဲဒီတုန်းက…’ ဆိုတဲ့ တွေးမိတတ်တဲ့ လူတိုင်းရဲ့ အတွေးကို ဇာတ်လမ်းအဖြစ် ပြောင်းထားလို့ပါ။

ဒီစာအုပ်က ပေါ့ပါးတဲ့ fantasy ပုံစံနဲ့ လာပေမယ့် အတွင်းသားက စိတ်ကျန်းမာရေးအကြောင်းပါ။ Matt Haig ကိုယ်တိုင် စိတ်ကျရောဂါကို ဖြတ်သန်းခဲ့ဖူးသူဖြစ်လို့ Nora ရဲ့ ခံစားချက်တွေကို အပေါ်ယံ မဟုတ်ဘဲ အတွင်းကျကျ ရေးနိုင်တာပါ။

The Midnight Library — Matt Haig

ဇာတ်လမ်းရဲ့ အဆုံးမှာ ရောက်တဲ့ ကောက်ချက်ကလည်း မျှော်လင့်ချက်ပေးတတ်ပါတယ် — ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး၊ ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ ဘဝကတော့ ရွေးလို့ရတယ် ဆိုတာပါ။

ဘဝလမ်းဆုံမှာ ရပ်နေသူတွေ၊ ရွေးချယ်မှုတွေနဲ့ ပင်ပန်းနေသူတွေအတွက် ဒီစာအုပ်က စကားပြောဖော် ကောင်းတစ်ယောက် ဖြစ်ပါလိမ့်မယ်။

Novel · Contemporary Fiction
The Midnight Library — Matt Haig
17,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!