Then She Was Gone

ဗြိတိသျှ စာရေးဆရာမ Lisa Jewell ဟာ မိသားစုတွေရဲ့ လျှို့ဝှက်ချက်ကို thriller အဖြစ် ရေးတဲ့နေရာမှာ နာမည်အကြီးဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ၂၀၁၇ မှာ ထွက်ခဲ့တဲ့ Then She Was Gone က သူမရဲ့ လူကြိုက်အများဆုံး စာအုပ်တွေထဲမှာ ပါပါတယ်။ ကမ္ဘာတစ်ဝှမ်း အရောင်းရဆုံးစာရင်းတွေ ဝင်ခဲ့ပြီး BookTok မှာလည်း “ဖတ်ပြီးရင် အိပ်မပျော်တော့ဘူး” ဆိုတဲ့ စာအုပ်အဖြစ် ထပ်ခါထပ်ခါ ညွှန်းခံရပါတယ်။

Then She Was Gone: A Novel
Then She Was Gone: A Novel — Lisa Jewell

Ellie Mack ဟာ ဆယ့်ငါးနှစ်အရွယ်၊ မိသားစုရဲ့ အချစ်ဆုံး သမီးထွေးလေးဖြစ်ပြီး စာတော်သလို ချစ်သူလေးနဲ့လည်း ပျော်ရွှင်နေတဲ့ အနာဂတ်လှလှ ရှိသူပါ။ စာမေးပွဲမတိုင်ခင် တစ်နေ့မှာ စာကြည့်တိုက်သွားမယ်ဆိုပြီး အိမ်က ထွက်သွားရာကနေ ပြန်မလာတော့ပါဘူး။ အဲဒီနောက် ဆယ်နှစ်အကြာမှာ မိခင် Laurel ဟာ အိမ်ထောင်ပျက်၊ ကျန်တဲ့ သားသမီးတွေနဲ့လည်း ဝေးကွာပြီး သမီးကို စောင့်ရင်း ရပ်တန့်နေတဲ့ ဘဝနဲ့ ရှင်သန်နေရပါတယ်။

တစ်နေ့မှာ Laurel ဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာ ဖော်ရွေပြီး ဆွဲဆောင်မှုရှိတဲ့ Floyd ဆိုတဲ့ အမျိုးသားနဲ့ ဆုံပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပျော်ရွှင်ရမလို ဖြစ်လာချိန်မှာ Floyd ရဲ့ ကိုးနှစ်အရွယ် သမီးလေး Poppy ကို တွေ့လိုက်ရပြီး Laurel အသက်ရှူရပ်မတတ် ဖြစ်သွားပါတယ်။ Poppy ဟာ ပျောက်သွားတဲ့ Ellie နဲ့ ချွတ်စွပ်တူနေလို့ပါ။ ဒီတိုက်ဆိုင်မှုက Laurel ကို မဖြေရှင်းရသေးတဲ့ မေးခွန်းဟောင်းတွေဆီ ပြန်ဆွဲခေါ်သွားပါတယ်။

Then She Was Gone

ဇာတ်လမ်းကို အတိတ်နဲ့ ပစ္စုပ္ပန်၊ ဇာတ်ကောင်အမျိုးမျိုးရဲ့ အမြင်တွေနဲ့ တစ်လှည့်စီ ပြောပြထားပြီး ဘာဖြစ်ခဲ့လဲဆိုတာကို သင် အစောကြီး ရိပ်မိနိုင်ပေမယ့် ဘာကြောင့်၊ ဘယ်လိုဆိုတာက ပိုကြောက်စရာကောင်းပါတယ်။ Jewell က ထိတ်လန့်စရာထက် မိခင်တစ်ယောက်ရဲ့ ဝမ်းနည်းပူဆွေးမှုကို အဓိကထား ရေးတာကြောင့် ရင်ထဲ ထိပါတယ်။ ပြန်ပေးဆွဲမှု၊ ချုပ်နှောင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှု အကြောင်းအရာတွေ ပါလို့ စိတ်မသက်သာစရာ အခန်းတွေ ရှိတာကို သတိပြုပါ။

Gone Girl၊ The Girl on the Train နဲ့ Freida McFadden ရဲ့ The Housemaid တို့လို domestic thriller တွေကို ကြိုက်သူ၊ Lisa Jewell ရဲ့ The Family Upstairs ကို ဖတ်ဖူးသူ၊ ညဘက် “နောက်တစ်ခန်းပဲ” ဆိုပြီး မိုးလင်းသွားတတ်သူဆိုရင် သင့်အတွက် ဒီစာအုပ်က အကောင်းဆုံး ရွေးချယ်မှုပါ။ thriller ဖြစ်ပေမယ့် အဆုံးမှာ ရင်ထဲ နွေးသွားစေတဲ့ လူသားဆန်မှုလည်း ပါဝင်ပါတယ်။

Novel · Psychological Thriller
Then She Was Gone
15,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!