The Book Thief

ဩစတြေးလျ စာရေးဆရာ Markus Zusak ရဲ့ The Book Thief ဟာ ၂၀၀၅ မှာ ထွက်ပြီးကတည်းက ကမ္ဘာတစ်ဝှမ်း အုပ်ရေ သန်းနဲ့ချီ ရောင်းချခဲ့ရပြီး New York Times အရောင်းရဆုံးစာရင်းမှာ နှစ်ပေါင်းများစွာ နေရာယူခဲ့တဲ့ ခေတ်သစ်ဂန္ထဝင်တစ်ပုဒ်ပါ။ ဘာသာစကား လေးဆယ်ကျော်နဲ့ ပြန်ဆိုခံရပြီး ၂၀၁၃ မှာ Geoffrey Rush နဲ့ Emily Watson တို့ ပါဝင်တဲ့ ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခဲ့ပါတယ်။

The Book Thief
The Book Thief — Markus Zusak

ဒီစာအုပ်ရဲ့ အထူးခြားဆုံးအချက်က ဇာတ်ကြောင်းပြောသူပါ။ ဒုတိယကမ္ဘာစစ်အတွင်း အလုပ်အရမ်းများနေတဲ့ သေမင်းကိုယ်တိုင်က သူ မေ့မရနိုင်တဲ့ ကလေးမလေးတစ်ယောက်အကြောင်း ပြောပြတာပါ။ ၁၉၃၉ ခုနှစ် နာဇီဂျာမနီမှာ ကိုးနှစ်အရွယ် Liesel Meminger ဟာ မောင်လေးကို ရထားပေါ်မှာ ဆုံးရှုံးပြီး မြူးနစ်အနီးက မြို့ငယ်လေးရဲ့ Himmel လမ်းပေါ်က မွေးစားမိဘတွေဆီ ရောက်လာပါတယ်။ မောင်လေးရဲ့ သင်္ချိုင်းမှာ ကောက်ရခဲ့တဲ့ စာအုပ်က သူမရဲ့ ပထမဆုံး ခိုးရာပါ စာအုပ်ပါ။

အဲဒီအချိန်မှာ Liesel က စာတောင် မဖတ်တတ်သေးပါဘူး။ အကော်ဒီယံတီးတတ်တဲ့ စိတ်ရှည်သည်းခံတတ်တဲ့ မွေးစားအဖေ Hans က ညသန်းခေါင်တွေမှာ စာသင်ပေးပြီး ပါးစပ်ကြမ်းပေမယ့် နှလုံးသားနူးညံ့တဲ့ Rosa၊ အိမ်နီးချင်း သူငယ်ချင်းလေး Rudy တို့နဲ့ ဘဝအသစ် တည်ဆောက်ရပါတယ်။ စာအုပ်မီးရှို့ပွဲတွေထဲကနေ၊ မြို့ဝန်ကတော်ရဲ့ စာကြည့်ခန်းထဲကနေ စာအုပ်တွေ ခိုးရင်း စကားလုံးတွေကို ချစ်လာချိန်မှာ မိသားစုက ဂျူးလူငယ် Max ကို မြေအောက်ခန်းမှာ ဝှက်ထားဖို့ အသက်နဲ့ရင်းတဲ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

The Book Thief

Zusak ရဲ့ စာရေးဟန်က ကဗျာဆန်ပြီး သေမင်းရဲ့ အသံက အံ့ဩစရာကောင်းအောင် နူးညံ့၊ ပင်ပန်းနွမ်းနယ်ပြီး လူသားတွေအပေါ် စိတ်ဝင်စားမှု ပြည့်နေပါတယ်။ သေမင်းက ဖြစ်လာမယ့် အရာတချို့ကို ကြိုပြောထားတတ်ပေမယ့် အဲဒါက နာကျင်မှုကို မလျှော့ပေးပါဘူး။ စစ်ဘေးဒဏ်၊ ဗုံးကြဲမှု၊ ဂျူးလူမျိုးတွေ ညှဉ်းပန်းခံရမှုနဲ့ ချစ်ရသူတွေကို ဆုံးရှုံးရမှုတွေ ပါဝင်လို့ နောက်ဆုံးအခန်းတွေမှာ မျက်ရည်မကျဘဲ ဖတ်ဖို့ ခက်ပါလိမ့်မယ်။

The Diary of a Young Girl (Anne Frank)၊ The Boy in the Striped Pyjamas နဲ့ All the Light We Cannot See တို့လို စစ်အတွင်းက လူသားဆန်မှုအကြောင်း ဝတ္ထုတွေ ကြိုက်သူ၊ စာအုပ်တွေကို ချစ်တဲ့သူတိုင်း တစ်ခါတော့ ဖတ်သင့်တဲ့ စာအုပ်ပါ။ စာမျက်နှာ ငါးရာကျော်ရှိပေမယ့် အခန်းတိုလေးတွေနဲ့ ဖွဲ့ထားလို့ သင် ထင်ထားတာထက် ပိုမြန်မြန် ဖတ်ပြီးသွားပါလိမ့်မယ်။

Novel · Historical Fiction / WWII
The Book Thief
33,000 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!