🚚 ရန်ကုန်တစ်မြို့လုံး အိမ်အရောက် ပို့ပေးပါသည် · Junction Square 2F · Junction City 4F · နေ့စဉ် 9:00–19:00

Tag: Business

Never Split the Difference

Never Split the Difference

လူ့အသက်တွေ အန္တရာယ်ကျရောက်နေတဲ့ ပြန်ပေးဆွဲမှုတွေမှာ ညှိနှိုင်းခဲ့တဲ့ နည်းစနစ်တွေကို လစာတောင်းတာ၊ ကားဝယ်တာ၊ ဖောက်သည်နဲ့ ဈေးညှိတာမှာ သုံးလို့ရမလား။ FBI ရဲ့ နိုင်ငံတကာ ပြန်ပေးဆွဲမှုဆိုင်ရာ ခေါင်းဆောင် ညှိနှိုင်းသူဟောင်း Chris Voss က သတင်းစာဆရာ Tahl Raz နဲ့ အတူ ၂၀၁၆ မှာ ရေးသားခဲ့တဲ့ Never Split the Difference ဟာ ဒီမေးခွန်းကို “ရတယ်” လို့ ဖြေပြီး ညှိနှိုင်းရေး စာအုပ်တွေထဲမှာ အရောင်းရဆုံးနဲ့ အပြောအဆိုအများဆုံး…

Continue Reading →

$100M Offers

$100M Offers

YouTube၊ Instagram၊ Podcast တွေမှာ နောက်လိုက် သန်းနဲ့ချီ ရှိတဲ့ အမေရိကန် လုပ်ငန်းရှင် Alex Hormozi ရဲ့ $100M Offers ဟာ ၂၀၂၁ မှာ ထုတ်ဝေခဲ့ပြီး အွန်လိုင်းလုပ်ငန်းရှင်တွေ၊ အသေးစား စီးပွားရေးသမားတွေကြားမှာ အလွန် ရေပန်းစားလာကာ နောက်ဆက်တွဲ $100M Leads ပါ ထွက်ခဲ့ပါတယ်။ ခေါင်းစဉ်ခွဲကတော့ “လူတွေ ငြင်းဖို့ အရူးလို ခံစားရလောက်အောင် ကောင်းတဲ့ ကမ်းလှမ်းချက် ဖန်တီးနည်း” ပါ။

Continue Reading →

Surrounded by Idiots

Surrounded by Idiots

“ငါ့ပတ်ဝန်းကျင်က လူတွေ ဘာကြောင့် ငါ့ကို နားမလည်ကြတာလဲ” လို့ တစ်ခါမှ မတွေးဖူးသူ ရှိမယ် မထင်ပါဘူး။ ဆွီဒင် အပြုအမူ ဆိုင်ရာ အတိုင်ပင်ခံ Thomas Erikson ရဲ့ Surrounded by Idiots ဟာ ဒီမေးခွန်းကနေ စတင်ပြီး ဆွီဒင်မှာ ဆယ်နှစ်ကျော် အရောင်းရဆုံးစာရင်းမှာ ရှိနေခဲ့ကာ ဘာသာစကား ၄၀ ကျော်နဲ့ ထုတ်ဝေ၊ ကမ္ဘာတစ်ဝှမ်း အုပ်ရေ သန်းနဲ့ချီ ရောင်းချခဲ့ပါတယ်။

Continue Reading →

Think and Grow Rich (Revised for the 21st Century)

Think and Grow Rich (Revised for the 21st Century)

“motivational စာပေ အားလုံးရဲ့ အဘိုးကြီး” လို့ ကင်ပွန်းတပ်ခံထားရတဲ့ Napoleon Hill ရဲ့ Think and Grow Rich ဟာ ၁၉၃၇ မှာ ထုတ်ဝေခဲ့ပြီး အုပ်ရေ သန်းပေါင်း ခုနစ်ဆယ်ကျော် ရောင်းချခဲ့ရကာ ကမ္ဘာ့အရောင်းရဆုံး self-help စာအုပ်တွေထဲ အမြဲ ပါဝင်ပါတယ်။ ယနေ့ အောင်မြင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ podcast တွေ၊ သင်တန်းတွေ အများစုဟာ ဒီစာအုပ်ရဲ့ အယူအဆတွေကို တစ်နည်းမဟုတ် တစ်နည်း ဆက်ခံထားကြတာပါ။

Continue Reading →

Rich Dad Poor Dad

Rich Dad Poor Dad

ကမ္ဘာပေါ်မှာ personal finance စာအုပ် တစ်အုပ်တည်းပဲ ဖတ်ခွင့်ရှိမယ်ဆိုရင် လူအများစု ရွေးမယ့် စာအုပ်က Robert Kiyosaki ရဲ့ Rich Dad Poor Dad ပါ။ ၁၉၉၇ မှာ ကိုယ်တိုင်ထုတ်ဝေတဲ့ စာအုပ်ငယ်လေးအဖြစ် စခဲ့ပြီး ဘာသာစကား ငါးဆယ်ကျော်နဲ့ အုပ်ရေ သန်းပေါင်း သုံးဆယ်ကျော် ရောင်းချခဲ့ရကာ ငွေကြေးဆိုင်ရာ စဉ်းစားပုံကို မျိုးဆက်တစ်ခုလုံး ပြောင်းလဲစေခဲ့ပါတယ်။ ဒီထုတ်ဝေမှုက နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြင်ဆင်ထုတ်ဝေမှု ဖြစ်ပါတယ်။

Continue Reading →

Start with Why — Simon Sinek

Start with Why — Simon Sinek

ဘာကြောင့် တချို့ကုမ္ပဏီတွေနဲ့ ခေါင်းဆောင်တွေက လူတွေရဲ့ သစ္စာခံမှုကို ရပြီး တချို့ကျတော့ ဘယ်လောက်ကြော်ငြာကြော်ငြာ မရတာလဲ။ Simon Sinek ရဲ့ အဖြေက Golden Circle ဆိုတဲ့ စက်ဝိုင်းသုံးထပ်ပါ — What (ဘာလုပ်လဲ)၊ How (ဘယ်လိုလုပ်လဲ)၊ Why (ဘာကြောင့်လုပ်လဲ)။ အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းက အပြင်ကနေ အထဲကို မဟုတ်ဘဲ Why ကနေ စပြီး အပြင်ကို ဆက်သွယ်ကြတယ်လို့ သူက ဆိုပါတယ်။

Continue Reading →

error: Content is protected !!