The Sun and Her Flowers

Instagram ပေါ်မှာ ကဗျာတိုလေးတွေ တင်ရာကနေ ကမ္ဘာကျော်သွားတဲ့ Rupi Kaur ဟာ ကဗျာစာအုပ်ဆိုတာ မရောင်းရဘူးဆိုတဲ့ အယူအဆကို ချိုးဖျက်ပြခဲ့သူပါ။ ပထမစာအုပ် milk and honey အောင်မြင်ပြီးနောက် ၂၀၁၇ မှာ ထွက်ခဲ့တဲ့ ဒုတိယ ကဗျာစာအုပ် The Sun and Her Flowers ဟာလည်း New York Times အရောင်းရဆုံးစာရင်း ထိပ်ဆုံးကို ရောက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကို ကဗျာဘက် ပြန်လှည့်လာစေခဲ့ပါတယ်။

The Sun and Her Flowers
The Sun and Her Flowers — Rupi Kaur

Kaur ဟာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ဒေသမှာ မွေးပြီး ငယ်ငယ်ကတည်းက မိသားစုနဲ့အတူ ကနေဒါကို ပြောင်းရွှေ့ခဲ့တဲ့ ကဗျာဆရာမပါ။ စာအုပ်ကို ပန်းတစ်ပွင့်ရဲ့ ဘဝသံသရာအတိုင်း wilting၊ falling၊ rooting၊ rising၊ blooming ဆိုပြီး အခန်းငါးခန်း ခွဲထားပါတယ်။ ကဗျာတိုင်းကို စာလုံးအသေးချည်းနဲ့ ရေးထားပြီး ကိုယ်တိုင်ဆွဲထားတဲ့ မျဉ်းကြောင်းရုပ်ပုံ ရိုးရိုးလေးတွေ တွဲထားတာက သူမရဲ့ လက်မှတ်လို ဖြစ်နေပါပြီ။

အစပိုင်းအခန်းတွေက အချစ်ပျက်ပြီးနောက် ကျန်ခဲ့တဲ့ ဟာလာဟင်းလင်းဖြစ်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားနိုင်တော့တဲ့ ခံစားချက်တွေကို ရေးထားပါတယ်။ အလယ်ပိုင်း rooting ကတော့ စာအုပ်ရဲ့ အလေးနက်ဆုံး အပိုင်းဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူ မိဘတွေရဲ့ စွန့်လွှတ်မှု၊ အမေ့ကို ဂုဏ်ပြုခြင်း၊ ဇာတိမြေကို လွမ်းဆွတ်ခြင်းတို့ကို ဖွဲ့ဆိုထားပါတယ်။ နောက်ဆုံးအခန်းတွေမှာတော့ အချစ်အသစ်နဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ချစ်တတ်လာခြင်းဆီ ဦးတည်သွားပါတယ်။

The Sun and Her Flowers

Kaur ရဲ့ ကဗျာတွေက အလွန်တိုပြီး ရိုးရှင်းလွန်းတယ်လို့ ဝေဖန်သူတွေ ရှိသလို အဲဒီရိုးရှင်းမှုကြောင့်ပဲ ကဗျာမဖတ်ဖူးသူတွေပါ ခံစားလို့ ရတယ်လို့ ချီးကျူးသူတွေလည်း အများကြီးပါ။ နက်နဲတဲ့ ဂန္ထဝင်ကဗျာကို မျှော်လင့်ရင်တော့ သင့်အကြိုက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ခန္ဓာကိုယ်အပေါ် အမြင်နဲ့ ဆုံးရှုံးမှုအကြောင်း ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ ကဗျာတချို့ ပါတာကိုလည်း သိထားသင့်ပါတယ်။

milk and honey ကို ကြိုက်ခဲ့သူ၊ Lang Leav နဲ့ Atticus တို့ရဲ့ ကဗျာတိုတွေကို နှစ်သက်သူ၊ အချစ်ရေး ဒဏ်ရာတစ်ခုကနေ ပြန်ထနေရသူတွေအတွက် ဒီစာအုပ်က ညအိပ်ရာဝင်ခါနီး တစ်ပုဒ်နှစ်ပုဒ် ဖတ်ဖို့ အကောင်းဆုံးပါ။ English စကားလုံး လွယ်လွယ်လေးတွေနဲ့ ရေးထားလို့ English ကဗျာ စဖတ်ချင်သူအတွက်ရော၊ ခင်မင်ရတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးဖို့အတွက်ပါ သင့်တော်ပါတယ်။

Poetry · Contemporary / Healing
The Sun and Her Flowers
16,000 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!