Blog

The Guy She Was Interested In Wasn’t a Guy at All Vol.1

ကျောင်းသူ Aya ဟာ record ဆိုင်မှာ အမြဲတွေ့ရတဲ့၊ mask တပ်ထားပြီး rock ဂီတကို ကျွမ်းကျင်စွာ ပြောတတ်တဲ့ ‘ကောင်လေး’ တစ်ယောက်ကို စိတ်ဝင်စားနေပါတယ်။ သူမ မသိတာက အဲဒီ ‘ကောင်လေး’ ဟာ ကောင်လေးမဟုတ်ဘဲ သူမရဲ့ အတန်းဖော် ကျောင်းသူ Mitsuki ဖြစ်နေတာပါ။ Mitsuki ဘက်ကလည်း ကိုယ့်အမှန်အတိုင်း ဖော်ပြရမလား၊ ဒီအတိုင်း ဆက်ထားရမလား ဝေခွဲမရ ဖြစ်နေပါတယ်။

The Guy She Was Interested In Wasn’t A Guy At All Vol.1 English Version Manga
The Guy She Was Interested In Wasn’t A Guy At All Vol.1 English Version Manga — KADOKAWA · Sumiko Arai

ဒီစာအုပ်ဟာ X (Twitter) မှာ တစ်ပိုင်းချင်း တင်ရာကနေ ကမ္ဘာအနှံ့ viral ဖြစ်ခဲ့တဲ့ Sumiko Arai ရဲ့ လက်ရာပါ။ စာအုပ်အဖြစ် ထွက်လာတော့ ဂျပန်မှာရော နိုင်ငံတကာမှာပါ manga ဆုစာရင်းတွေထဲ တန်းဝင်သွားခဲ့ပြီး၊ အခုအချိန်မှာ အရောင်းရဆုံး စာရင်းတွေမှာ ပုံမှန် တွေ့နေရတဲ့ နာမည်ပါ။

ပုံဆွဲဟန်က retro ဆန်ပြီး၊ အနက်-အဖြူကြားမှာ အစိမ်းရောင်တစ်ရောင်တည်း သုံးထားတဲ့ signature style က မျက်စိထဲ စွဲစေပါတယ်။ 90s rock ဂီတကို ချစ်တဲ့စိတ်က ဇာတ်လမ်းတစ်ခုလုံးမှာ စီးဆင်းနေပြီး၊ သီချင်း reference တွေကြောင့် playlist လုပ်ရင်း ဖတ်ချင်စရာပါ။

The Guy She Was Interested In Wasn't a Guy at All Vol.1

ချစ်ဇာတ်လမ်းအနေနဲ့ကလည်း ဖြည်းဖြည်းချင်း ပွင့်လာတဲ့ပုံစံမို့ ရင်ခုန်ရတာ ကြာကြာခံပါတယ်။ နှစ်ယောက်ကြားက အကွာအဝေးက တစ်မျက်နှာချင်း ကျဉ်းလာတာကို စောင့်ဖတ်ရတဲ့ အရသာပါ။

ဒါက ပထမတွဲပါ။ ဂီတဝါသနာပါသူ၊ ချစ်ဇာတ်လမ်းနုနုလေးတွေ ကြိုက်သူတိုင်းအတွက် အခုနှစ်ရဲ့ မဖြစ်မနေ ဖတ်သင့်စာရင်းထဲက တစ်အုပ်ပါ။

Manga · Romance
The Guy She Was Interested In Wasn't a Guy at All Vol.1
18,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!