And Then There Were None

“ရာဇဝတ်ဝတ္ထုဘုရင်မ” Agatha Christie ရဲ့ ၁၉၃၉ ထုတ် And Then There Were None ဟာ ကမ္ဘာတစ်ဝှမ်း အုပ်ရေ သန်းတစ်ရာကျော် ရောင်းချခဲ့ရပြီး သမိုင်းတစ်လျှောက် အရောင်းရဆုံး လျှို့ဝှက်သည်းဖိုဝတ္ထုအဖြစ် မှတ်တမ်းဝင်ထားတဲ့ စာအုပ်ပါ။ Christie ကိုယ်တိုင်ကလည်း ရေးရတာ အခက်ခဲဆုံး စာအုပ်လို့ ဆိုခဲ့ပါတယ်။ ယနေ့ခေတ် “ပိတ်မိနေတဲ့နေရာတစ်ခုမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် သေတယ်” ဆိုတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ ဂိမ်း အားလုံးနီးပါးဟာ ဒီစာအုပ်ဆီက အမွေခံထားတာလို့ ဆိုနိုင်ပါတယ်။

And Then There Were None
And Then There Were None — Agatha Christie

တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့ လူဆယ်ယောက် — တရားသူကြီးဟောင်း၊ ဆရာဝန်၊ စစ်ဗိုလ်ချုပ်အို၊ ကလေးထိန်းဆရာမဟောင်း၊ ကြေးစားစစ်သားဟောင်း၊ ဘုရားတရားကိုင်းရှိုင်းတဲ့ အပျိုကြီး၊ ကားအပြိုင်မောင်းတဲ့ လူငယ်၊ ရဲဟောင်းတစ်ယောက်နဲ့ အိမ်စေလင်မယား — တို့ဟာ အင်္ဂလန်ကမ်းလွန်က ကျောက်ဆောင်ကျွန်းလေးပေါ်က ခေတ်မီအိမ်ကြီးဆီ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖိတ်ကြားခံရပါတယ်။ ရောက်သွားတဲ့အခါ အိမ်ရှင်ဆိုသူက ပေါ်မလာပါဘူး။ အခန်းတိုင်းမှာတော့ ကလေးကဗျာတစ်ပုဒ် ချိတ်ထားပြီး ထမင်းစားပွဲပေါ်မှာ ကြွေရုပ်လေး ဆယ်ရုပ် တင်ထားပါတယ်။

ပထမညစာအပြီးမှာ ဓာတ်ပြားစက်ထဲက အသံတစ်ခုက ဧည့်သည်တစ်ယောက်ချင်းစီကို နာမည်တပ်ပြီး ဥပဒေက အရေးမယူနိုင်ခဲ့တဲ့ လူသတ်မှုတစ်ခုစီနဲ့ စွပ်စွဲလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ပထမဆုံးတစ်ယောက် သေဆုံးပါတယ် — ကလေးကဗျာရဲ့ ပထမပိုဒ်ထဲကအတိုင်းပါ။ စားပွဲပေါ်က ကြွေရုပ်ကလည်း တစ်ရုပ် လျော့သွားပါတယ်။ မုန်တိုင်းကြောင့် ကုန်းနဲ့ အဆက်အသွယ်ပြတ်၊ ကျွန်းကို အနှံ့ရှာတော့လည်း သူတို့ကလွဲပြီး ဘယ်သူမှမရှိ။ ဒါဆို လူသတ်သမားဟာ သူတို့ထဲက တစ်ယောက်ပဲ ဖြစ်ရပါမယ်။ ဒီထက်ပိုပြောရင် သင့်ရဲ့ ဖတ်ရှုမှုအရသာ ပျက်မှာမို့ ဒီမှာပဲ ရပ်ပါရစေ။

And Then There Were None

ဒီစာအုပ်မှာ Hercule Poirot လည်း မပါ၊ Miss Marple လည်း မပါပါဘူး — အဖြေရှာပေးမယ့် စုံထောက်မရှိဘဲ စာဖတ်သူကိုယ်တိုင် ဇာတ်ကောင်တွေနဲ့အတူ ပိတ်မိနေရတာက ကြောက်စရာ ပိုကောင်းစေပါတယ်။ စာမျက်နှာ သိပ်မများ၊ အင်္ဂလိပ်စကားပြေကလည်း ရှင်းလင်းလို့ အင်္ဂလိပ်လို ဖတ်ခါစသူတွေအတွက်ပါ သင့်တော်ပါတယ်။ အပြစ်နဲ့ အပြစ်ဒဏ်၊ ဥပဒေလွတ်သွားတဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကလည်း ဖတ်ပြီးတဲ့အထိ ကျန်နေပါလိမ့်မယ်။ လူသတ်မှုတွေနဲ့ မိမိကိုယ်ကို အဆုံးစီရင်မှုအကြောင်း ပါဝင်ပေမယ့် သွေးထွက်သံယို အသေးစိတ်တွေတော့ မပါပါဘူး။

Murder on the Orient Express ကို ကြိုက်ခဲ့သူ၊ Detective Conan ထဲက ကျွန်းပေါ်ပိတ်မိတဲ့ အမှုတွေ၊ Knives Out လို ရုပ်ရှင်တွေ နှစ်သက်သူ၊ Never Lie၊ The Silent Patient လို ခေတ်သစ် thriller တွေရဲ့ ဇာစ်မြစ်ကို သိချင်သူတွေအတွက် ဒီစာအုပ်ဟာ မဖတ်မဖြစ်ပါ။ အင်တာနက်ပေါ်မှာ အဖြေကို မတော်တဆ မမြင်မိခင် သင် အမြန်ဆုံး ဖတ်လိုက်ဖို့ပဲ အကြံပေးချင်ပါတယ်။

Novel · Classic Mystery / Thriller
And Then There Were None
12,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!